ဒေးဒရဲမြို့​၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ ရေးဖြေစာမေးပွဲ ဆုနှင်းသဘင် ဆင်ယင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့​၌ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ/ ရေးဖြေစာမေးပွဲ ဆုနှင်းသဘင် ဆင်ယင်ကျင်းပ



MNP ၊ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့က စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့မွန်းလွဲ (၁) နာရီ ဆုနှင်းသဘင်အခမ်းအနားအား မြို့နယ်အားကစားခန်းမ၌ ဆင်ယင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များက နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဗဟိုဥက္ကဋ္ဌများ ဖြစ်ကြသည့် တော်ကမယ်၊ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလနှင့် ဖျာပုံတိုက်သစ်ကျောင်းဆရာတော်တို့က သြဝါဒကထာ အသီးသီး ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင်၊ လေးမြို့နယ် စာမေးပွဲ ကျင်းပရေး မြို့နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအောင်မြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင်၊ လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ အာဂုံ၊ ရေးဖြေစာမေးပွဲကြီးတွင် ဂုဏ်ထူးနှင့် ရိုးရိုးအောင် ရှင်သာမဏေ (၅၇၈)ပါးအား အောင်လက်မှတ်နှင့် ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖျာပုံခရိုင်အတွင်းရှိ လေးမြို့နယ်မှ ပရိယတ္တိနုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားတော်မူခဲ့ကြပြီး (၄၉) ကြိမ်မြောက်အဖြစ် တာဝန်ယူ ကျင်းပမည့် ဖျာပုံမြို့နယ်သို့ သာသနာ့အောင်လံတော်ကို ဒေးဒရဲမြို့နယ် ဗဟိုပရိယတ္တိနုဂ္ဂဟအဖွဲ့ အကျိုးတော်ဆောင် တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာစာရက ပေးအပ်တော်မူခဲ့ရာ ဖျာပုံမြို့နယ် ပဂိယတ္တိနုဂ္ဂဟအဖွဲ့ အကျိုးတော်ဆောင် ကမ္မန္တာကျောင်းဆရာတော်မှ လက်ခံ ရယူတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)