ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်




ထားဝယ်  မတ် ၂၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းနေအရွယ်ကလေးငယ်များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်တွင် ပညာရှာ၊  ဒုတိယအရွယ်တွင် စီးပွားရှာ၊ တတိယအရွယ်တွင် တရားရှာဆိုသည့်လောကနီတိတရားနှင့်အညီ ပထမအရွယ်တွင်  အသိပညာ၊ အတတ်ပညာများကို ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ပန်းချီပညာရှင်ဦးလှရွှေနှင့် ပန်းချီပညာရှင်များက အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ (၃၅)ဦးအား အခြေခံပန်းချီများတွင်ပါရှိရမည့် မျဉ်းရေးဆွဲရမည့်နည်းများအကြောင်း၊ ပုံစံနှင့် ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့်အရောင်မျိုးစုံခွဲခြား ရေးဆွဲရမည့်နည်းများ အကြောင်းကို ဧပြီ ၁၁ ရက်နေ့ အထိလေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း နှင့်သင်တန်းကာလမှာရက်သတ္တပတ်(၃)ပတ်ကြာသင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)