ဝါးခယ်မမြို့နယ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များချီးမြှင့်ခြင်းခံရသည့် ဆရာတော်ကြီး များအား ကြိုဆိုပင့်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များချီးမြှင့်ခြင်းခံရသည့် ဆရာတော်ကြီး များအား ကြိုဆိုပင့်ဆောင်

 




ဝါးခယ်မ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များချီးမြှင့်ခြင်းခံရသည့် ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အလှူခံရရှိတော်မူသော ကျုံမငေး မြို့၊ ဇေတဝန်ရွှေကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်၊ ဝါးခယ်မမြို့ စားရေးကုန်းရပ်ကွက် မင်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ (ဂန္ထဝါစကပဏ္ဍိတ) ဘွဲ့တံဆိပ်တော်နှင့် ဝါးခယ်မမြို့၊ ရွာလယ်ကျောင်းသစ်စာသင်တိုက်ဆရာတော် အရှင်ဓမ္မသာမိ မထေရ်မြတ်ကြီး(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်တို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် နေပြည်တော်တို့တွင် အလှူခံပြီး၍ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများက ​ကြိုဆိုပင့်ဆောင်ခဲ့ကြ‌ကြောင်း သိရ သည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)