တောင်သာ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းစုရပ်ကွက် ကံ့ကော်လမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးအရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇေယျကျော်စွာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းက ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး မုခ်ဦးအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
အဆိုပါ မင်းစုရပ်ကွက် ကံ့ကော်လမ်းကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းကုန်ကျငွေကျပ်(၅.၅၁၈)သန်းဖြင့် လမ်းအရှည်ပေ(၁၅၀)၊ လမ်းထု (၆)လက်မ၊ လမ်းအကျယ်(၁၂)ပေရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment