ပြည်ဖျက်မီဒီယာများ နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီး လှုံ့ဆော်ရေးသားနေမှုများကြောင့် မိမိတို့ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်နစ်နာ နေချိန်၊ အကြမ်းဖက်မှုပေါင်းစုံနှင့် မြန်မာနိုင်ငံကြီးကို ဖျက်ဆီးခံရနေချိန်မှာ သတင်းမီဒီယာ အတတ်ပညာဖြင့် တိုင်းကျိုးပြည်ကျိုး သယ်ပိုး ထမ်းဆောင်ကာ ကြမ်းဖက်သမားများရဲ့အန္တရာယ်ကိုမမှုဘဲ သတင်းသမားတစ်ဦးအနေဖြင့် မီဒီယာမဏ္ဍိုင် စည်းကမ်းလမ်းညွှန်ချက်နှင့်အညီ အပြုသဘောဆောင် ဝေဖန် ထောက်ပြ သတင်းမှန်တင်ပြပေးနေသော တိုင်းချစ်ပြည်ချစ်( People Media ) တာဝန်ခံ ဦးကျော်စိုးဦးအား တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရန်ဟု (၁၉-၃-၂၀၂၄) ရက်နေ့က ခေါ်ယူခဲ့ကြောင်း ကြားသိရပါသည်။
ယနေ့ထိ မိသားစုထံ ပြန်လည်စေလွှတ်ပေးခြင်း မရှိကြောင်းကို ကြားသိရပါသည်။
သို့ဖြစ်ပါသော်ကြောင့် ဦးကျော်စိုးဦး( People Media )၏ အိမ်ပြန်လမ်းကို မျှော်လင့်စောင့်ကြိုနေကြသည့် သူ၏မိသားစုနှင့် အတူ ချစ်ခင်လေးစား ထောက်ခံ အားပေးကြသော မိဘပြည်သူအပေါင်းတို့၏ စိတ်နှလုံး မချမ်းမြေ့ ပူပန်မှုများ ဖြစ်နေပါသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ရှိသူများအနေဖြင့် ဦးကျော်စိုးဦး (People Media ) အား ညှင်သာနားလည်မှုရှိသော နည်းလမ်းများဖြင့်သာ ဆောင်ရွက်ပေးနိုင်ပါရန် ရဟန်းရှင်လူ ပြည်သူများ ကိုယ်စား မိမိတို့ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)မှ မေတ္တာရပ်ခံအပ်ပါသည်။
မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)

No comments:
Post a Comment