ကလောမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်ကတ္တရာလမ်းနှင့် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်ကတ္တရာလမ်းနှင့် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ




ကလော    မတ်      ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှအကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာချင်းဆက် ကတ္တရာလမ်းနှင့် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၅၄.၀၃)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘော်နင်းရွာသစ်-အင်းမှီးကျေးရွာ ကုန်ထုတ်လမ်း(၀/၆)မိုင် တို့ကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၂၃.၇၇၅)ကျပ်သန်းဖြင့်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော ဘော်နင်းရွာသစ်-နတ်တော်-မြင်းတွင်း-ဝါးကြီးမြောင် ကျေးရွာချင်းဆက် ကတ္တရာလမ်း (၁/၀မိုင်)တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းအပိုင်းအားကြည့်ရှုစစ်ဆေးကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအပိုင်း အစီအစဉ်ဖြင့် ဘော်နင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာချင်းဆက် ကတ္တရာလမ်းနှင့် ကုန်ထုတ်လမ်းများ ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးတို့မှ ဆောက်လုပ်ပြီးစီးခဲ့သော ကုန်ထုတ်လမ်းအပိုင်းနှင့် ကျေးရွာချင်းဆက်လမ်းအပိုင်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက်ဒေသခံတိုင်းရင်းသားများကိုယ်စား ဘော်နင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)