ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ ကျင်းပ





ရန်ကုန်  မတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက မင်းဓမ္မလမ်းရှိ MCC  ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဉ်အဆင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ကင်းထောက်သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူး၍ ကင်းထောက်နည်းပြသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု မှတ်တမ်းတို့ကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံသဘင်အစည်းအရုံး လူငယ်များက ကင်းထောက်လူငယ်များကို ဂုဏ်ပြုသောအားဖြင့် “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံဂုဏ်ရောင် အလင်းဆောင်အံ့” သရုပ်ဖော် ကကွက်ဖြင့်လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ လူငယ်များက Fitness Dance သရုပ်ပြသခြင်းဖြင့် လည်းကောင်း၊ မြန်မာ့သိုင်း အားကစားအဖွဲ့ လူငယ်များက ရိုးရာသိုင်း အခြေခံသရုပ်ပြသခြင်းတို့ဖြင့် အသီးသီး တင်ဆက်ခဲ့ကြသည်။

ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံ ပညာကျောင်းများသို့ အလှူငွေကျပ် (၅၆,ဝဝဝ,ဝဝဝိ/-) (သိန်းငါးရာခြောက်ဆယ်သိန်း)တိတိကို ပေးအပ်လှူဒါန်းပြီး ဝန်ကြီးချုပ်၏ဇနီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကင်းထောက်ဝတ်စုံများ၊ မြန်မာ့ကင်းထောက်လက်စွဲစာအုပ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် သရုပ်ပြတင်ဆက်ခဲ့ကြသူများကို ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများနှင့် ကင်းထောက်ကျောင်းသားလူငယ်များက “ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် စုပေါင်းဂုဏ်ပြုသီဆိုခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)