ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူ(၃၀) ဦးအား ရှေးဦးသူနာပြုစုနည်းများသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူ(၃၀) ဦးအား ရှေးဦးသူနာပြုစုနည်းများသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ

 




ပြင်ဦးလွင်   မတ်   ၂၄

ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခု ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက် လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာ အသက်ကယ်ရန် (Preserve life) ၊ ထပ်မံ၍ ထိခိုက်ဒဏ်ရာ မရစေရန် (Prevent further injury)၊ လျင်မြန်စွာ ပြည်လည်ကောင်းမွန် လာစေရန် (Promote recovery) နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန် (Protect yourself) ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေး အသင်းအဖွဲ့များမှ အသင်းသား/အသင်းသူ (၃၀) ဦးအား ရှေးဦးသူနာပြုစုနည်းများ သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ သန္တိသုခ လူမှုကူညီရေးအသင်းအပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး/ကျေးရွာအသီးသီးမှ လူနာတင်ယာဉ်အသီးသီးဖြင့် လူမှုကူညီရေးများ ဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များမှ အသင်းဝင်များ၊ စေတနာရှင် volunteer များအား ရှေးဦးသူနာ ပြုစုနည်းများကို မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ ထူးချွန်ကြက်ခြေနီ၊ နည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)