ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများနှင့် အကောင်းဆုံးကစားသမားဆုရ ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများနှင့် အကောင်းဆုံးကစားသမားဆုရ ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား ဂုဏ်ပြု

 



မြစ်ကြီးနား မတ် ၁၇

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲသို့ ကချင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအနေဖြင့် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ် (၂) ခုနှင့် ထောက်လုအကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝူရှူးအသင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးခဲ့ပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သလို ပြည်နယ်ဝူရှူးအသင်းသည် ပြိုင်ပွဲများတွင် ထိပ်ဆုံး (၅) သင်းတွင် အမြဲဝင်ရောက်ပြီး ဆုတံဆိပ်များ မလွတ်တမ်းရယူပေးနိုင်ခဲ့သည့်အတွက် ဝူရှူးအသင်း၏ အောင်မြင်မှုကို ယခုလိုဂုဏ်ပြုပွဲကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အားကစားဆပ်ကော်မတီအနေဖြင့်လည်း ပြည်နယ်အတွက် တန်ဖိုးရှိသော စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးကို အရေးကြီးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အောင်ပွဲရ ကချင်ပြည်နယ်ဝူရှူးအသင်းနည်းပြ ဦးညိုမင်းဦးက ပြိုင်ပွဲတွေ့အကြုံ များကို ရှင်းလင်းတင်ပြပြီး ဂုဏ်ပြုဆုများကို ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူ၊ နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ရွှေတံဆိပ် (၃)ခုနှင့် အကောင်းဆုံးကစားသမားဆုရရှိ သူအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၇) သိန်းကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဝူရှူးပြိုင်ပွဲအမျိုးအစားအလိုက် ရွှေတံဆိပ် (၁)ခုနှင့်  ငွေတံဆိပ်(၂)ခုရ အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၇)သိန်း၊ ရွှေတံဆိပ် (၁) ခုနှင့် ငွေတံဆိပ် (၁) ခုရ အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၆) သိန်း၊ ငွေတံဆိပ်ဆုရသူ (၂) ဦးအား တစ်ဦးလျှင် ငွေကျပ် (၆) သိန်းစီနှင့်  ကြေးတံဆိပ်ဆုရသူ (၂) ဦးတို့အား ငွေကျပ် (၄) သိန်းစီတို့ဖြင့်လည်းကောင်း စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၈၀)ကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ အောင်ပွဲရဝူရှူးအသင်းကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)