ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်

ပုသိမ် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက "နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှကာကွယ်ရေး တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတာဝန်ရှိသည်" ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများသိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်ကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ပြည်သူများထံဖြန့်ဝေပေးခဲ့သည်။

အလားတူပင် ယနေ့နံနက်ပိုင်းကလည်း ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၄)ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြင့်ဟန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)