၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ရိုးဂိုးအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ရိုးဂိုးအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

 


မော်လမြိုင် မတ် ၁၇

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်တိုင်းရင်းသား လှပျိုဖြူ​လေးများက မွန်ယိမ်းအကဖြင့် ဂုဏ်ပြုကပြဖျာ်​ဖြေတင်​​ဖျော်​ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကျေးလက်​နေပြည်သူများ၏ လူ​နေမှုစီးပွားဘဝတိုးတက်မြင့်မားလာ​စေ​ရေးနှင့် မြို့ပြကျေးလက်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာ​စေ​ရေးတို့အတွက် ဦးစား​ပေးကဏ္ဍအ​နေဖြင့် ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ ​ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်​ရေး ကောင်းမွန်ခြင်းသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်​ပြီး ယခုကွန်ကရစ်လမ်းသစ် ဖောက်လုပ်ဆောင်ရွက်​ပေးခြင်းဖြင့် ​အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ စိတ်​အေးချမ်းမြေ့စွာနှင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည့်အပြင် စက်မှုကုန်ကြမ်းဖြစ်တဲ့ ရော်ဘာထုတ်ကုန်များ သယ်ယူပို့ဆောင်ရာ လမ်းဖြစ်သည့်အတွက် ဒေသနေပြည်သူများ၏ လူနေမှုစီးပွားဘဝတိုးတက်မြင့်မား​စေ​ရေး အ​ထောက်အကူပြုနိုင်မည်ဖြစ်​ကြောင်း၊ ဒေသခံပြည်သူများအ​နေဖြင့် လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မိမိတို့​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေး ကိစ္စရပ်များကိုလည်း အစဉ်တစိုက် ဝိုင်းဝန်း​ပူး​ပေါင်းပါဝင်ဆောင်ရွက်​ပေးကြရန် လိုအပ်ပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒေသခံပြည်သူတစ်ဦးမှ ​သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖောက်လုပ်​ဆောင်ရွက်​ပေးမှုအ​ပေါ် ကျေးဇူးတင်ဝမ်း​မြောက်စကား ပြန်လည်​ပြောကြားခဲ့ကာ ပြည်နယ်​ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးမှ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်​ဆောင်ပစ္စည်းများ​ ပေးအပ်ခဲ့သည်။

အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ​လမ်းဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြု​ဖျော်ဖြေတင်ဆက်​ပေးခဲ့ကြသည့် မွန်းယိမ်းအကအဖွဲ့၊ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)