ကျောက်တန်းမြို့တွင် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့တွင် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ ကျင်းပ

 



ကျောက်တန်း မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း မြို့မ (အ-လ-က) ရှိ ရွှေသံလွင်ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းရီ၊ သန်လျင်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး (တာဝန်ခံ) တို့မှ အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုးမြင့်ကျော်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထွန်းရီ သန်လျင်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး (တာဝန်ခံ) နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

သင်တန်းကို ကျောက်တန်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ သင်တန်းသား/သူ (၈၅) ဦး တက်ရောက်ပြီး သင်တန်ကာလမှာ မတ်လ (၁၆) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိဖြစ်ပြီး သင်တန်းကာလအတွင်း မြို့နယ်ကြက်ခြေနီနည်းပြအဖွဲ့များမှ ရှေးဦးသူနာပြုစုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားသင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


နေလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)