အလုံမြို့နယ်၌ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုယူခံရမှုနှင့်ပတ်သက်၍ တရားခံ ကျား (၇) ဦးနှင့် အခြားအမှုမှ ဆက်စပ်တရားခံ (၃) ဦးတို့အား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်လုယူခံရမှုနှင့်ပတ်သက်၍ တရားခံ ကျား (၇) ဦးနှင့် အခြားအမှုမှ ဆက်စပ်တရားခံ (၃) ဦးတို့အား ဖမ်းဆီးရမိ



နေပြည်တော်၊ မတ် ၈

၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ 4E-7950 Probox ခဲရောင် (ငှား) ယာဉ်က ဘေးမှပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ (၇) ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွား‌သဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်၍ စုံစမ်းလျက်ရှိသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့်တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက် ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 4E-7950 Probox ခဲရောင်(ငှား) ယာဉ်‌၏ ယာဉ်မောင်းမှာ ကိုရဲ (ခ) ရဲကျော်လင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ လည်းကောင်း၊ အမာခံသတင်းပေးများ၊ ပတ်ဝန်းကျင်သက်သေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူ လူထု၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူများသည် YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် (၁) စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင် မော်တော်ယာဉ် (၁) စီး၊ စုစုပေါင်း မော်တော်ယာဉ် (၂) စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ ရောက်ရှိတိမ်း‌ရှောင်နေကြောင်း သတင်းရရှိ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော ငမျိုး(ခ) ကိုမျိုး (ခ) ရဲမျိုးသိန်းပါ (၆) ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင် (ခ) အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ငမျိုး (ခ) ကိုမျိုး (ခ) ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ) ၂၂၅/ ၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊၃၂၃/၁၁၄ ၊ ဝေဘာဂီနယ်မြေရဲစခန်း(ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ နှင့် ကမာရွတ်မြို့မရဲစခန်း (ပ) ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ အမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် ငမျိုး (ခ) ကိုမျိုး (ခ) ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး (ခ) အောင်မြတ်မင်းတို့ (၃) ဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ် ရာတွင် အဓိကဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏မိသားစုများထံမှ စွပ်စွဲခံထားရသူများဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)