ဂွ မတ် ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့၊ နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ၂၀၂၄-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(ဂွ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆို
ရမည့် ကျောင်းသူတစ်ဦးသည် ဆီးချိုရောဂါအဆင့်-(၁)ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် မတ်လ(၁၀)ရက်နေ့မှ စတင်ကာ ဆေးကုသမှု ခံယူနေရပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဆေးရုံ၌သာ ဖြေဆိုနေရသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment