ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံဝန်းအတွင်းစုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံဝန်းအတွင်းစုပေါင်းသန့်ရှင်းရေးပြုလုပ်

  



ရွှေတောင်  မတ် ၁၆

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဉ်စုပေါင်းသန့်ရှင်းရေးကို စဉ်ဆက်မပြတ်ဆောင်လျက်ရွက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ ပြည်သူ့ဆေးရုံဝန်းအတွင်းစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

       အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ( သရက်တော ၊ကြာနီကန်၊ယွန်းတန်း)အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၂၀၁) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းကြပြီး ထွက်ရှိလာသာ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဉ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)