ဂွ မတ် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ ဆဋ္ဌမနေ့၌ ကျောင်းသား ကျောင်းသူများ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြသည်။
ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့သစ်) ၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ကျိန္တလီ)၌ ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဇီဝဗေဒဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၃၄)ဦးရှိပြီး ပျက်ကွက် ကျောင်းသား/ ကျောင်းသူမရှိကြောင်းနှင့် ဘောဂဗေဒဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၃၆၂)ဦးနှင့်ပျက်ကွက် ကျောင်းသား/ ကျောင်းသူ (၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်၊၊ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များကကြီးကြပ်၍ စာစစ်ဌာနအသီးသီး၌လည်းစာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စည်းလုံးညီညွတ်စွာ စောင့်ရှောက်ပေးလျက်ရှိပြီး ကျောင်း သားကျောင်းသူများ အေးချမ်း စွာဖြေဆိုနိုင်လျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment