မုဒုံမြို့နယ်တွင် ဒူးရင်းသီးများ စတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးသူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် ဒူးရင်းသီးများ စတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးသူများအဆင်ပြေ

မုဒုံ မတ် ၃၁

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

             မုဒုံမြို့နယ်တွင် ဒူးရင်းပင် အမျိုးအစားပေါင်း (၂၀)ခန့် စိုက်ပျိုးကြရာ မွန်ထောင်း၊ ချန်နီ၊ မလေးမျိုး (မူဆန်ကင်း)၊ ယိုဒယားမျိုးတို့ကို ပျိုးပင်များနှင့် ကိုင်းဆက် ကိုင်းကူးနည်းတို့ဖြင့် အဓိကထား အများအပြားစိုက်ပျိုးကြသည်။ ဒူးရင်းပင် ကိုင်းဆက်မျိုးများကို စိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးများစတင်ထွက်ရှိကြောင်း၊ ဒူးရင်းပင်တစ်ဧကလျှင် အပင်တန်း ကြား (၃၀)ပေ ပတ်လည်စိုက်ပျိုးမည်ဆိုပါက ၄၈ ပင်၊ (၂၅)ပေ ပတ်လည်စိုက်ပျိုးမည်ဆိုပါက အပင် (၇၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များ ပိုးမကျအောင်နှင့် သဘာဝဓာတ်မြေ သြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများကို နည်းစနစ်တကျစိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဒူးရင်း မျိုးကောင်းတစ်ဧက စိုက်ပျိုးရုံးဖြင့် တစ်နှစ်လျှင် ဝင်ငွေ သိန်း (၁၀၀)ကျော် ရရှိနိုင်ကြောင်း၊ ယခု ဒူးရင်းသီးများ စတင်ထွက်ရှိချိန် ဒူးရင်းအမျိုးအစားပေါ် မူတည်၍ တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀၀)အထက်ရရှိကြောင်း ဘဲရမ်းကျေးရွာမှ ဒူးရင်းသီးစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။

            မုဒုံမြို့နယ်ဒေသထွက် ဒူးရင်းမျိုးကောင်းမျိုးသန့်များကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရန် ဒူးရင်းမျိုးများ သုသေသနပြု စိုက်ပျိုးထားရှိခြင်း၊ သစ်သီးဝလံသုသေသန စိုက်ပျိုးရေး နည်းပညာများကို တောင်သူများထံဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်မျိုးသူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)