မင်းလှမြို့နယ်တွင် နွေရာသီခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် နွေရာသီခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ




အထက်မင်းလှ ၊ မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီ ခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တပ်မတော်အကြီးစားစက်ရုံ (မလွန်)စက်ရုံမှူး၊ ဒုတိယဗိုလ်မှူးကြီးနေမင်းထက် ကသင်တန်းဆင်းအမှာစကား ပြောကြားပြီးအခြေခံ မြန်မာ့ရိုးရာသိုင်း သင်တန်းမှ သင်တန်းသားများက မြန်မာ့ရိုးရာ သိုင်းပညာဖြင့် သရုပ်ပြသခဲ့သည်။ ထို့နောက် တပ်မတော်အကြီးစား စက်ရုံ(မလွန်)စက်ရုံမှူး  ဒုတိယဗိုလ်မှူးကြီး နေမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဦးသန်းထွန်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ ဘော်လီဘောသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်းတို့ကို မတ်(၁၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ သင်တန်းသား(၁၀၀)ဦးအား သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှသိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)