သယာဝတီ ၊ မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်သမန်းနှိုးခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို သာယာဝတီ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယနေ့ နံနက် ၇ နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက သင်တောရိုးအုပ်စုအတွင်းရှိ နွေစပါးစိုက်ခင်းများအတွင်း နွေစပါးများအား စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးကွဲများကင်းစင်ရေး၊ ပိုးမွှားများကျရောက်မှု မရှိစေရေးနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို နွေစပါးစိုက် တောင်သူများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် သင်တောရိုးကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများ၏ ရေမြေနှင့် ကိုက်ညီ သော နွေစပါးမျိုးစေ့ထုတ်လုပ်နိုင်လျှင် အခြားဒေသများမှ မျိုးစပါးများဝယ်ယူပို့ဆောင်ရေး စရိတ် သက်သာ၍ အဆင်ပြေချောမွေ့စေရန်၊ တောင်သူများလိုအပ်သည့်အချိန်တွင် ဈေးနှုန်းသက်သာပြီး လွယ်ကူအဆင်ပြေစေရန်နှင့် မျိုးစေ့ထုတ်သော တောင်သူကိုယ်တိုင်များလည်း မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်နိုင်လျှင် ဈေးနှုန်းမြင့်များ ရရှိလာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုက ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment