ဒေသတွင်းဖွံ့ဖြိုးရေး နည်းပညာကျွမ်းကျင်သော လူငယ်ကောင်းများ မွေးထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတွင်းဖွံ့ဖြိုးရေး နည်းပညာကျွမ်းကျင်သော လူငယ်ကောင်းများ မွေးထုတ်ပေးလျက်ရှိ


နေပြည်တော်၊ မတ် ၃၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၈ ရက် နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) သို့ ရောက်ရှိပြီး လျှပ်စစ်နည်းပညာ (Electrical Technology) ဌာနတွင် National Skill Standard Authority (NSSA) Electrician Level-1 စစ်ဆေးခံရန်အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိသည့် ကျောင်းသား ၁၀ ဦးကို ကြည့်ရှုအားပေးကာ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး On-the-job training ဖြင့် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အီလက်ထရောနစ်နည်းပညာ (Electronics Technology) ဌာန၌ ကျောင်းသားများ၏ သုတေသနပရောဂျက်များ၊ အဆောက်အဦနည်းပညာ (Building Technology) ဌာနအလုပ်ရုံ၌ Brick Layer (NSSA Level – 1) ဖြေဆိုပြီးစီးမှုနှင့် သင်ထောက်ကူပစ္စည်းများ၊ အဆောက်အဦပြုပြင်ထိန်းသိမ်းမှု နည်းပညာ (Building Service Technology) ဌာန လက်တွေ့ ခန်း၌ လေအေးပေးစက်စနစ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် တီထွင်ဆန်းသစ်မှုပရောဂျက်များ၊ မော်တော်ယာဉ်နည်းပညာ (Automotive Techno-logy) ဌာနအလုပ်ရုံ၌ EV နှင့် အခြားသင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ ထုတ်လုပ် ခြင်းနည်းပညာဌာနတွင် သင်ထောက်ကူစက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် ကာ ဤကျောင်းမှ လေ့ကျင့်ရရှိသော နည်းပညာများဖြင့် မိမိတို့၏ ဘဝရပ်တည်ချက်များ ခိုင်မာအောင် တည်ဆောက်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင်လည်း အုတ်ကောင်းတစ်ချပ်၊ သဲကောင်းတစ်ပွင့်အနေဖြင့် ပါဝင်တည်ဆောက်ကြရန်၊ ဗလငါးတန်နှင့် ပြည့်စုံသောတိုင်းကျိုးပြည်ပြု မျိုးဆက်သစ်လူငယ် ကျွမ်းကျင်ပညာရှင်များဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များကို အရည်အသွေး ပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး အမှန်တကယ်အကျိုးပြုမည့်သက်မွေး ပညာသင်တန်းများကို ဖွင့်လှစ်ပေးရန်နှင့် ဆရာ ဆရာမများ၏ စွမ်းရည်များကို အစဉ်မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများအတွက် ပင်မဆောင်၌ နေ့စဉ်ထုတ် သတင်းစာများ၊ သုတနှင့် ရသစာကောင်းပေမွန်များကို လွယ်လင့်တကူဖတ်ရှုနိုင်ရန် Book Corner များ ပြင်ဆင်ထားရှိမှု၊ ရေသန့်စနစ်တပ်ဆင်ထားရှိမှု၊ ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)