အမ်းခရိုင် အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစိတ်အေးချမ်းသာစွာဖြေဆိုနိုင် ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းခရိုင် အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစိတ်အေးချမ်းသာစွာဖြေဆိုနိုင် ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး




MNP ၊ မတ်  ၈ 

 ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာပေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ များနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ မတ် ၈ ရက်၊ ယနေ့ နံနက် ၈ နာရီ၃၀ အချိန်က စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနစင်တာများကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည် ။

 ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊  ခရိုင်ပညာရေးမှူး ဒေါ်တင်တင့်မြင့် မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာ

တာဝန်ရှိသူများလိုက်ပါ၍ တက္ကသိုလ် ဝင်စာမေးပွဲအမ်းစစ်ဌာန (၄) ခုနှင့် တွဲဘက်ဖွင့်လှစ်မည့်စာစစ်ဌာန (၂)ခုတို့၌

 ကျောင်းသားကျောင်းသူများ စိတ်ချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လုံလောက်သောအလင်းရောင်ရရှိရေးမီးဘေးလုံခြုံ ရေးဆောင်ရွက်ထားရှိမှု ၊ စာဖြေခန်းများအတွင်း စာရေး ခုံ၊ ထိုင်ခုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆို မည့်ကျောင်းသားကျောင်းသူများအ တွက်  ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဆောင်ရွက် ထားရှိမှုတို့အား လိုက်လံစစ်ဆေးခဲ့ပြီး  လိုအပ်သည်တို့ကို ပေါင်းစပ်ညှှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)