MNP ၊ ပေါင် မတ် ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ပြိုင်ပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်( ၁၂ ) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊မော်လမြိုင်မှ
ရဲအုပ်စိုးကျော် ကလူကုန်ကူးမှုလျော့နည်းပပျောက်စေရေး၊မြန်မာနိုင်ငံမှာကြုံတွေ့ရသည့်လူကုန်ကူးအမျိုးအစားများ၊လူကုန်ကူးမှုဥပဒများ စသည့်သိကောင်းစရာများကိုဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောပြီးကျောင်းသား၊ ကျောင်းသူများကစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်
ဆက်လက်၍လူကုန်ကူးမှုနှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စာအုပ်စာအုပ်စာပေများနှင့် နံရံကပ်စာစောင်များကိုခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment