ပေါင် မတ် ၁၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊မင်္ဂလာဈေး၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကို က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်
အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှူအားပေးခဲ့ ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment