ပေါင် မတ်လ ၁၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ
(၁၃) ရက်နေ့တွင်နိုင်ငံတစ်ဝှမ်း၌ (သင်္ချာ) ဘာသာရပ် တတိယနေ့ ကို တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ ( ၉၅.၅၆% )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ်တွင် (အထက)ပေါင် စာစစ်ဌာန ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ( သင်္ချာ) ဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၄၅၀)ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ( ၄၃၀ )ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်းပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment