ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ဗိုလ်တထောင် မတ် ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၆ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်က ဗိုလ်တထောင်မြို့အမှတ်(၄)ရပ်ကွက်၊ (၅၅)လမ်းအမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းများအောင်မြင်စေရေး၊ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်စေရေး၊ သင်္ကြန်ကာလတွင်လည်း ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ စူဠဘွဲ့နှင်းသဘင်ကျင်းပပြုလုပ်သည့်ပွဲများတွင်လည်း ဌာနဆိုင်ရာများအားလုံး ဂျူတီချတာဝန်ပေးထားပါကြောင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲလည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဌာနဆိုင်ရာများအနေဖြင့် အားလုံးကိုပူးပေါင်းပါဝင်ကြရန်၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်း မိမိဝန်ထမ်းများ၊ မိမိပတ်ဝန်းကျင်ရှိပြည်သူများ၊ စိုးရိမ်ရန်မလိုကြောင်း စစ်မှုထမ်းဥပဒေကို သေချာလေ့လာကြရန်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်တစ်လနှစ်ကြိမ် ဆောင်ရွက်လျက်ဖြစ်ကြောင်း၊ မိမိတို့အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ မိမိကိုကိုယ်လုံခြုံရေး၊ ဝန်ထမ်းများလုံခြုံရေး၊ အထူးဂရုပြုရန်၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေးဂရုစိုက်ကြရန်၊ သင်္ကြန်တွင်းကာလတွင် ရုံးလုံခြုံရေးရုံးများတွင်နေ့ညဂျူတီများချထားကြပြီး အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်ဖြူဖြူအေးအောင်က (၅-၃-၂၀၂၄)ရက်(အင်္ဂါ)နေ့ (၁၃း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစီးပြုလုပ်သည့် တိုင်းအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၃/၂၀၂၄)တွင် ဆွေးနွေးဆုံဖြတ်ခဲ့သည့်ကိစ္စရပ်များနှင့် (၇ - ၃ - ၂၀၂၄)ရက် (ကြာသာပတေး )နေ့(၀၉း၃၀)အချိန် ဗိုလ်တထောင်ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၃/ ၂၀၂၄)တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်ကိစ္စရပ်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုဖတ်ကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ မိမိတို့လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြခြင်း၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်စည်သူမှ လုံခြုံရေးသတိထားကြရန်၊ မိမိရုံး၊မိမိနေထိုင်ရာ ပတ်ဝန်းကျင်များတွင် မသင်္ကာဖွယ်အထုပ်အပိုးများတွေ့ရှိပါက အကြောင်းကြားပေးကြရန်၊ အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်တို့ကို ပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှနိဂုံးချုပ်စကားပြောကြားပြီး ရုပ်သိမ်းခဲ့ကြောင်းနှင့် အစည်းအဝေးအပြီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)