KNU/PDF/မွန်ခွဲထွက် အဖွဲ့များ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျိုက်မရောမြိုနယ်၊ ဓမ္မဿကျေးရွာ၌ နေအိမ် ၅၀၀ မီးလောင်ပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF/မွန်ခွဲထွက် အဖွဲ့များ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျိုက်မရောမြိုနယ်၊ ဓမ္မဿကျေးရွာ၌ နေအိမ် ၅၀၀ မီးလောင်ပျက်စီးဆုံးရှုံး



မော်လမြိုင်၊ မတ် ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မဿကျေးရွာ၌ ယမန် နေ့ ညနေပိုင်းက KNU/PDF/မွန်ခွဲထွက်အဖွဲ့များ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၅၀၀)ခန့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်မှာ  KNU/PDF/မွန်ခွဲထွက်အဖွဲ့များမှ ၂၄-၃-၂၀၂၄ ရက်နေ့မှစ၍ ကျိုက်မရောမြိုနယ်၊ ကော့ပလိုင်ကျေးရွာ နှင့် ဓမ္မဿကျေးရွာလမ်းတစ်လျှောက်၌ နေရာယူ ထားပြီး အဆိုပါ အကြမ်းဖက်အဖွဲအစည်းများသည် ဓမ္မဿကျေးရွာထိပ်တွင် လမ်းအားပိတ်ဆို၍ မည်သူမျှ ဝင်၊ထွက်သွားလာခွင့်မပြုခဲ့ဘဲ ၎င်းကျေးရွာတို၌ နေထိုင်သည့် ပြည်သူများအနေဖြင့် ၎င်းတို၏နေအိမ်များမှ ယာယီစွန့်ခွာ တိမ်းရှောင်နေချိန်တွင် မတ်လ ၂၇ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ဓမ္မဿကျေးရွာရှိ နေအိမ်များအား အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှိခဲ့သဖြင့် နေအိမ်အလုံး(၅၀၀)ခန့် မီးလောင်ဆုံးရှုးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့် အချိန်တွင် တရနာကျေးရွာအုပ်စု၊ ကော့သပ်ကျေးရွာအုပ်စု၊ သံကလောင်ကျေးရွာအုပ်စုတိုမှ အရန်မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်ရန် သွားရောက်ခဲ့ရာ ဓမ္မဿကျေးရွာထိပ်တံတားတွင် ရောက်ရှိနေသည့် KNU/PDF/မွန်ခွဲထွက်အဖွဲများမှ ဝင်ရောက်ငြှိမ်းသတ်ခွင့် မပေးသည့်အတွက် မီးငြှိမ်းသတ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဓမ္မဿကျေးရွာတွင် အိမ်ခြေ (၈၄ဝ) အိမ်၊ အိမ်ထောင်စု (၈၄၉)စု၊ လူဦးရေ(၅၄၄၇)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)