တာမွေမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ




တာမွေ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ (၁၂၆)ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၅)နာရီခွဲအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမ္မာဒိဌိလမ်းရှိ ဆုတောင်းပြည့် နန္ဒဝန်စေတီတော်ရင်ပြင်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြု၍ သံဃာတော် အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တာမွေမြို့နယ်ရှိ မြို့ဦးစာသင်တိုက်မှ အရှင်စာရိတ္တမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားရှင်အား ပင့်ဖိတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ မြို့ဦးစာသင်တိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ပြီး ဩဝါဒကထာနာကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ်ရှိ မြို့ဦးစာသင်တိုက်မှ အရှင်ပညာတိက္ခမှ နတ်ဗြဟ္မာများအား ပင့်ဖိတ်သည့် ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး အလှည့်ကျဆရာတော်များမှ ဥပ္ပါတသန္တိကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အဆိုပါဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄-ခုနှစ် မတ်လ(၃၁)ရက်မှ ဧပြီလ(၂)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)