တာမွေ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတတိုးပွား စေရေးအတွက် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က အသိပညာပေးနံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထား သော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာ ပေး နံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ သိသင့် သိထိုက်သော ဥပဒေဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေ ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွား စေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ကျင်းပဆောင်ရွက်လျက် ရှိသလို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများနှင့် အစိုးရဌာနဆိုင်ရာရုံးများ၌ နယ်လှည့်စာကြည့် တိုက်များ ဖွင့်လှစ်၍ သုတ/ရသစာအုပ်စာစောင်များအား စာဖတ်ပရိသတ်များနှင့် စာပေဝါသနာရှင်များ လက်ဝယ် အရောက် အခမဲ့ ကွင်းဆင်းလိုက်လံ ငှားရမ်းပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော သတင်းအချက် အလက်များ၊ ပြည်တွင်း/ပြည်ပ သတင်းများနှင့် ပြည်သူများဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း ဒီဂျစ်တယ် နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး အစီအစဉ်များကို We Love Tar mwe Facebook Page နှင့် တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment