နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော်ကြည်ညို




နေပြည်တော် မတ် ၃၁


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ အောင်မြင် ကုန်းကျေးရွာ၌ မိုးကောင်းအောင်သိဒ္ဓိစေတီတော်မြတ်ကြီးရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူး တော်တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်သည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောင်မြင်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ တည်ဆောက်နေမှုအခြေအနေများ၊ ကျေးရွာတွင်းလမ်းများ၊ ယာယီကျေးလက် ကျန်းမာရေးဆေးပေးခန်းအား နေပြည်တော်ကောင်စီမှ ပြုပြင်ဆောင်ရွက်ပေးမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် တံတားဦးကျေးရွာ ဘုန်းကြီးကျောင်း အတွင်း နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ထားသည့် သိမ်ကျောင်းဆောင်၊  ဘုန်းတော်ကြီးကျောင်း မျက်နှာကျက်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ကျန်းမာရေးဆေးပေးခန်း ရေစက်ချပွဲ အခမ်းအနား တက်ရောက်ပြီး လယ်ဝေးမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်တို့က ချီးမြှင့်တော်မူအပ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နေပြည်တော်ကောင်စီ ဝင် ဦးမြင့်စိုးက သာသနားရေးဆိုင်ရာများ လျှောက်ထားသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရထံမှ အနုမောဒနာ တရားနာကြားပြီး တံတားဦး ကျေးရွာဘုန်းကြီးကျောင်း၌ ဆောက်လုပ်လှူဒါန်းသည့် သိမ်​ကျောင်းဆောင်၊  ဘုန်းတော်ကြီးကျောင်း မျက်နှာကျက် တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ကျန်းမာရေး ဆေးပေးခန်းတို့အား လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ သံဃာတော် အရှင်သူမြတ်များ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် တံတားဦးကျေးရွာ ဘုန်းကြီးကျောင်း၌ ဆောက်လုပ်လှူဒါန်းသည့် သိမ်​ကျောင်းဆောင်နှင့် ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်သို့ သွားရောက်၍ ဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညို၍ စာဖြေဌာနအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး အစိုးရဓမ္မာစရိယ စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော်ကြည်ညိုသည်။


 ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ (စတုတ္ထနေ့) သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ(၂)ဘာသာရပ်ကို ပျဉ်းမနား စာဖြေဌာန၌ သံဃာ ၁၈၆ ပါးနှင့် သီလရှင်တစ်ပါးစုစုပေါင်း ၁၈၇ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၁၄၁ ပါးနှင့် သီလရှင်တစ်ပါး စုစုပေါင်း ၁၄၂ ပါး ၊  တပ်ကုန်းစာဖြေဌာန၌ စာရင်းသွင်း သံဃာ ၉၁ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၁၀၆ ပါး စာရင်းသွင်း၍ စာဖြေသံဃာ ၇၀ ပါး၊ သီလရှင် ၁၃ ပါး၊ စုစုပေါင်း ၈၃ ပါး၊ လယ်ဝေးစာဖြေဌာန၌ စာရင်းသွင်း သံဃာ ၉၉ ပါး၊ သီလရှင် ၁၄ ပါး၊ လူပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း ၁၁၄ပါး/ ဦး စာရင်းသွင်း၍ စာဖြေသံဃာ ၈၇ ပါး၊ သီလရှင် ၁၂ ပါး၊ လူပုဂ္ဂိုလ်တစ်ဦး စုစုပေါင်း ၁၀၀ ပါး/ဦး  ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)