မအူပင်မြို့၊ Zay Ya TU International Language School ၏ နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့၊ Zay Ya TU International Language School ၏ နှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားကျင်းပ



မအူပင် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၆) ရပ်ကွက်၊ ခိုင်သော်တာလမ်း၊ အမှတ် (၅၁) တွင် ဖွင်လှစ်တည်ထောင်ထားသော ဇေယျတုပညာဒါနသင်တန်းကျောင်း Zay Ya TU International Language School ၏ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ် နှစ်ပတ်လည်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက မအူပင်မြို့၊ ရေလဲလမ်း၊ လောကနတ်၊ ပြုံးရောင်ချယ် ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ထေရဝါဒဓမ္မစင်တာနှင့် ဇေယျတုပညာဒါနသင်တန်းကျောင်းဥက္ကဌ ဒေါက်တာ ထက်ခေါင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဇေယျတုပညာဒါနသင်တန်းကျောင်း Zay Ya TU International Language School အား ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုပညာ သင်နှစ်တွင် ထူးချွန်ဆုချီးမြှင့်ပွဲပြုလုပ်ကြောင်း၊ အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကားတွင် ထူးချွန် ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ ပညာရေးနယ်ပယ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော လူငယ်လူရွယ်များ ထွက်ပေါ်လာစေရန်နှင့် နိုင်ငံတကာ အ‌တွေ့အကြုံ ရင့်ကျက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူ ကလေးများက အာစီယံနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ပွဲတော်များအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းတင်ဆက်ခြင်း၊ နွေဦးကဗျာသီချင်း၊ မြနန္ဒာသီချင်း အစရှိသည်တို့နှင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများမှ  နှစ်ပတ်လည်ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီချီးမြှင့်‌ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဇေယျတုပညာဒါနသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားမိဘများက ကျေးဇူးတင်စကား ပြောကြားရာ Zay Ya TU International Language School ၏ ကျောင်းအုပ်ဆရာမ ဒေါ်မင်းမင်းထက်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)