သနပ်ပင်မြိူ့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြိူ့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကျင်းပ



သနပ်ပင် မတ်၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့အမှာစကားပြောကြားခဲ့ပြီး သနပ်ပင်မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်က အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင်ဘာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံတက်ရောက်လာသော ဆရာ/ ဆရာမများအား ယခုသင်တန်းတွင် မိမိတို့အခန်းလိုက် ပို့ချလိုက်သည့် သင်ခန်းစာများအား စနစ်တကျလေ့လာ မှတ်သားထားရန်၊ ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ဆရာ/ ဆရာမ သင်ကြာမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြေားခဲ့သည်။

အဆိုပါ သင်တန်းဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းမှ ဆရာ/ ဆရာမ (၇၄၈) ဦး တက်‌ရောက်ပြီး သင်တန်းနည်းပြများက ဆွေးနွေးပွဲကို မတ် (၂၅) မှ (၂၉) ထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)