ပခုက္ကူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

 



ပခုက္ကူ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာမြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာ မြို့မဈေးကြီး၌ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင်ထားရှိမှုရှိ/မရှိ၊ မီးကြွင်းမီးကျန်များ စနစ်တကျမီးသတ်ထားမှုရှိ/မရှိ၊ လျှပ်စစ်မီးများ စနစ်တကျကိုင်တွယ်အသုံးပြုမှုရှိ/မရှိ၊ ရေလှောင်ကန်များ၌ ရေများကြိုတင်ဖြည့်တင်းထားမှုရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးကြပြီး ဈေးတာဝန်ခံများနှင့်ဈေးသူဈေးသားများအား သန့်ရှင်းရေး လုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ မီးလောင်စေသော အရာဝတ္ထုပစ္စည်းများနှင့် လောင်စာများအား ရှင်းလင်းဖယ်ရှားရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)