ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်းပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်းပြုလုပ်ကျင်းပ


ညောင်လေးပင် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဒေါ်လှမြတ်နွယ် (လှမြတ်နွယ်-ညောင်လေးပင်)က သင်တန်းနှင့်ပက်သက်သည့် စည်းမျဥ်းစည်းကမ်းများ ရှင်းလင်းပြောကြားကာ တတ်ရောက်လာသော စာရေးဆရာအသင်းဝင်များမှ တစ်ဦးချင်းမိတ်ဆက်ဆွေးနွေးခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချပေးခဲ့သည်။

၎င်းအခြေခံကဗျာရေးဖွဲ့နည်းသင်တန်းမှာ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကဗျာ၏ အခြေခံသဘောတရားများကို တွင်တွင်ကျယ်ကျယ်ရေးဖွဲ့တက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ ၂၅.၃.၂၀၂၄ မှ ၃၁.၃.၂၀၂၄ရက်နေ့ထိ ၇ ရက်သာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသောဝါသနာရှင်များနှင့် သင်တန်းသား/သူ(၃၆)ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)