မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး ဆွေးနွေး


နေပြည်တော်၊ မတ် ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကို ယမန်နေ့က ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများနှင့် ခရီးသွားမြှင့်တင် ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းအမျိုးအစားများ အတူတကွဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေးကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ- ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ စီစဉ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြားစီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊ ထိုင်းနိုင်ငံသို့လာရောက်သည့် ပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ်များ တိုးချဲ့ရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် နှစ်နိုင်ငံအစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)