ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေး ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေး ဆောင်ရွက်လျက်ရှိ







ရန်ကုန်၊ မတ် ၂၉

တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်ရေးဥပဒေနှင့်အညီ ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေး တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ဦးထိန်လင်း က "ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း အခြားတိုင်းရင်းသားများလည်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဆိုတာလည်း ရှိရမယ်။ မတ်လ ၂၇ ရက်နေ့ကတော့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြတာပါ။ ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေးကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန် လူမှုကွန်ရက်တွင်လည်း အသိပညာပေးရေးသားမှုများ ဖော်ပြလျက်ရှိပြီး Kaung Nyunt Wai အကောင့်ပိုင်ရှင်က "ဗမာလူမျိုးရှိလျှင် ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်း

ရှိရမည်။" ဟု လည်းကောင်း၊ 

Htet Aaron အကောင့်ပိုင်ရှင်က "ကျွန်မတခုမေတ္တာရပ်ခံပါရစေရှင့်၊ အခုစတင်လိုက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အားနည်းချက် အားသာချက်များစွာရှိနေမှာပါ။ ပထမဦးဆုံး မိသားစုစိတ်ထားနဲ့ နွေးထွေးစွာပူးပေါင်းဆောင်ရွက်ကြရမှာပါ။ မိသားစုတစုမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ပစ်ပယ်ထားရိုးထုံးစံမရှိပါဘူး။ အားလုံးစည်းလုံး ညီညွတ်စွာ ရှိနေကြဖို့လိုပါတယ်။ လက်ညိုးလက်မ မတူညီတဲ့အတွက် အမြင်အသိ တူချင်မှ တူမယ်။ သို့သော် ဒီကာလကို ကျော်ဖို့အတွက် အရွေ့တစ်ခုသွားကြတဲ့အခါမှာ အားလုံးရိုင်းပင်းကူညီကြရမယ်။ စိတ်ဓာတ်ကျစေတဲ့အရာများ မပြုမိကြစေဖို့လိုပါတယ်။ တိုင်းပြည်အတွက် မျိုးနွယ်စုအတွက် ဆောင်ရွက်တဲ့အခါမှာ စိတ်ဓာတ်ခိုင်မာရမယ် စည်းလုံးကြရမယ်လို့ အထူးသတိပြုစေလိုပါတယ်။ မြေပြင်ကိုတုတ်ကလေးနဲ့ စတင်ခြစ်လိုက်နိုင်ခဲ့ပါပြီ။ ချောင်းငယ်၊ မြစ်ငယ်မှတဆင့် အင်းအိုင် ပင်လယ်သမုဒ္ဒယာသဖွယ်တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ရှေးဘိုးဘေးတွေလည်း တိုင်းပြည်ကို မေတ္တာစိတ်နဲ့သာ မိသားစုတစ်စုကိုထိမ်းကျောင်းသလို ဆောင်ရွက်ခဲ့ကြတယ်။ မိသားစုတစုရဲ့အရာအားလုံးက မိသားစုဝင်တိုင်း မိမိနေရာမိမိတာဝန်ဖြင့် မိမိပတ်ဝန်းကျင်ကို တောက်ပကြည်လင်စေခဲ့ကြတယ်လို့ မြေပြင်ကျန်အထောက် အထားအရလေ့လာသိမြင်ခဲ့ရပါတယ်။" ဟု လည်းကောင်း ရေးသားဖော်ပြထားသည်။

ဇင်မင်းခ ဆိုသူက "ဗမာပဲကွာ ဘာလိုသေးလို့လဲတဲ့၊ လိုတယ် လိုတယ် ... ယဉ်ကျေးမှုစရိုက် လက္ခဏာတွေကိုတန်ဖိုးထားပြီး ဗမာ့ဂုဏ်ကိုမြှင့်တင်ဖို့ လိုတယ်။ ဗမာလူမျိုးတိုင်းမှာလည်း ကိုယ်စီအသိရှိရမယ်။ အဲဒါက ပိုပြီးလိုအပ်တယ်။" ဟု ရေးသားဖော်ပြထားသည်။

ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ဦးထိန်လင်းအား သီးခြားဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အားလပ်ခြင်း မရှိသေးသည့်အတွက် သီးခြားမေးမြန်းခွင့် မရသေးပေ။


Photo Crd -

#News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)