ပညာရေးကို ဖျက်ဆီးခဲ့သည့် NUG အကြမ်းဖက်အဖွဲ့က ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား သင်ယူမှု ကမောက်ကမဖြစ်စေရန် လုပ်ကြံဖန်တီး ထုတ်ပြန်ချက်များ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးကို ဖျက်ဆီးခဲ့သည့် NUG အကြမ်းဖက်အဖွဲ့က ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား သင်ယူမှု ကမောက်ကမဖြစ်စေရန် လုပ်ကြံဖန်တီး ထုတ်ပြန်ချက်များ ထုတ်ပြန်



ရန်ကုန်၊ မတ် ၂၈

အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် NUG အကြမ်းဖက်အဖွဲ့ဝင်များသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းမတက်နဲ့ ကျောင်းထွက် ဟု လှုံ့ဆော်ခဲ့ကြပြီး စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှုများ၊ စာသင်ကျောင်းများအပေါ် ဒရုန်းဖြင့် ဒရော့ဗုံးချ၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများကို သေကြောင်းကြံခဲ့ကြသည်။

ထို့အပြင် ၎င်းတို့အလိုကျ CDM တွင် ပါဝင်ခြင်းမရှိသည့် ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်း ၁၁၂ ကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ CDM ဆရာ/ဆရာမများ က အွန်လိုင်းကျောင်းများဖွင့်လှစ်ပြီး ကျောင်းသားမိဘများထံမှ ငွေကြေးလိမ်လည်ရယူခြင်း၊ ၎င်းတို့နှင့်အတူ လက်တွဲ၍ စာသင်ပေးသည့် CDM ဆရာမတချို့ကို ပြန်လည်ခြိမ်းခြောက်ပြီး ငွေကြေးလိမ်လည်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လောင်းကစားဝိုင်း၊ KTV နှင့် ဖာခန်းများတွင် ပျော်ပါးနေမှုများကို နစကအစိုးရက ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်ခဲ့ရသည်။

NUG အကြမ်းဖက်အဖွဲ့သည် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ရာတွင် ပညာရေးကဏ္ဍကိုလည်း စဉ်ဆက်မပြတ် အနှောက်အယှက်ပေးနေပြီး ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ စိုးမိုးထားသည့် ကျေးရွာများတွင် NUG ကျောင်းအမည်ခံ ဖွင့်လှစ်ပြီး ငွေကြေးလိမ်လည်မှုများ ယနေ့တိုင် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)