ဂွ ၊ မတ် ၁၁
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်းဖြေဆိုလျက်ရှိရာ ယနေ့ မတ် ၁၁ ရက် နံနက် ၉ နာရီမှစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့သစ်) ၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ကျိန္တလီ)၌ ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၃၅၃)ဦးနှင့် အပြင်ဖြေ ကျောင်းသူ (၉)ဦး စုစုပေါင်း(၃၆၂)ဦးရှိပြီး ပျက်ကွက်ဦးရေမှာ အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၇)ဦးနှင့် အပြင်ဖြေ ကျောင်းသူ (၁)ဦး စုစုပေါင်း(၈)ဦးဖြစ်ကြောင်း၊ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်း သားကျောင်းသူများ အေးချမ်း စွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment