လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကို ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကို ပြောကြား


နေပြည်တော်၊ မတ် ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က (၁၄) နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မရှင်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများကို လိုအပ်သောထောက်ပံ့မှုများနှင့် ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ခြင်းတို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် စံပြထူးချွန်ဆု၊ ဒုတိယဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသော ဝန်ထမ်း ၁၂ ဦးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းတွင် ပထမဆုရရှိသော ဝန်ထမ်းတစ်ဦး စုစုပေါင်း ဝန်ထမ်း ၁၃ ဦးတို့ကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ငွေကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ဆုမဲများ ကံစမ်းမဲဖောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)