MNP ၊ မတ် ၃
ချင်းပြည်နယ် တွန်းဇံမြို့နယ် ဆိုင်ပီးမွာလ်ကျေးရွာအုပ်စု၊ လွောင်အဲလ်ကျေးရွာ၌ ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်းနှင့် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထောင်းဆွမ်းမုန်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီနောက်ဆုံးပတ်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းလွောင်အဲလ်ကျေးရွာ၌ ဖောက်လုပ်သည့် ကျေးရွာကုန်ထုတ်လမ်းမှာ အကျယ်(၁၂)ပေ၊ အရှည်(၃/၄) မိုင်ရှိပြီး ၎င်းကုန်ထုတ်လမ်းပေါ်ရှိ ရေမြောင်း(၁ ပေ ၆ လက္မ × ၁ ပေ ၆လက္မ) တည်ဆောက်မှု လုပ်ငန်းများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် (ပြည်ထောင်စု) ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၈၅.၇၅) သန်းဖြင့် GOVA Co., Ltd မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆိုင်ပီးမွာလ်ကျေးရွာအုပ်စု၊ လွောင်အဲလ်ကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းအားဖြင့် လွောင်အဲလ်ကျေးရွာနေ ဒေသခံ တောင်သူများအတွက် တောင်ယာလုပ်ငန်းများမှ ထွက်ရှိသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ကျေးရွာသို့ အလွယ်တကူ သယ်ဆောင်နိုင်သဖြင့် များစွာ အကျိုးခံစားရကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment