သံတောင်ကြီး မတ်၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များ စိုက်ပျိုးပြီး တစ်ချို့ကတက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော် ပြီဖြစ်သည့် ရာသီစာ ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးဒေသရှိ ကတက်ပင်များသည် အခြားသော နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးကြကာ တစ်ချို့အပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည်။ ယခု နွေရာသီအချိန်တွင် ဒေသခံပြည်သူများ ကြိုက်နှစ်သက်သည့် ရာသီစာဖြစ်သည့် ကတက်ရွက်များကို ဆားရည်စိမ်အချဉ် သိမ့်၍ တို့စရာအဖြင့် စားသုံးခြင်း၊ သုတ်စားခြင်း၊ အခြားအသားဟင်းများနှင့် ရောနှောချက်ပြုတ်ရာ အလွန်စားကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာ ပြန်လည်ရောင်းချရာပြီး တစ်စီးကို ကျပ်(၈၀၀)မှ ကျပ် (၉၀၀)အထိ ရရှိသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း ကတက်ချဉ် ပြုလုပ်ရောင်းချသူ ဦးစောကညောထံက သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost


No comments:
Post a Comment