ဂွမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်း ဖွင့်လှစ်

 




ဂွ မတ် ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားအခြေခံ သင်တန်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

နွေရာသီ ကျောင်းပိတ်ရက်များတွင် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည် အချင်း ပြည့်မှီတဲ့ အားကစားသမားကောင်းများ နိုင်ငံ၏သားကောင်း/သမီးကောင်းများဖြစ်လာစေရန်၊ တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ရေးဆိုသည့် မြင့်မှားတဲ့ ရည်ရွယ်ချက်များစွာဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၂၈ရက်နေ့မှ ဧပြီလ၁၂ရက်နေ့အထိ ဘော်လီဘော၊ဘောလုံး၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် အစရှိသည့် အားကစားနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)