ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

  



ရွှေတောင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့  နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

      ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးထပ်ဆင့်ရှင်းလင်းပွဲတွင် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဟံဝင်းအောင်က  အဖွင့်အမှာစကားပြောကြားရာတွင်  ဥပဒေ၏ ရည်ရွယ်ချက် ၊စစ်မှုထမ်းမည့်အသက်အရွယ်အပိုင်းအခြား၊စစ်မှုထမ်းရမည့် ကာလ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှု၊ ကင်းလွတ်ခွင့်ရရှိသူများ၊ပြစ်မှု/ပြစ်ဒဏ်များအားအသိပေးချပြရှင်းလင်းခဲ့ပြီး  မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးရာဇာလင်း က စာရင်းကောက် ယူရေးပုံစံများနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက စာရင်းကောက်ယူရမည့်ပုံစံများနှင့်ပတ်သက်ပြီး မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

   အဆိုပါအခမ်းအနားသို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်( ၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ( ၁၀) အုပ်စု တို့ရှိ ပြည်သူ့စစ်စာရင်းကောက်ယူရေးအဖွဲ့  ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ( ၁၀၈) ဦခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)