ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၅၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၅၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 




နေပြည်တော် မတ် ၁၇

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၅၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံအတွင်း၌ ကျင်းပရာ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်း ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တ ကေလာသနှင့် သံဃာတော် (၅) ပါး၊ ဓမ္မာစရိယကျောင်းတိုက်မှ သံဃာတော် (၆) ပါး စုစုပေါင်း (၁၂)ပါးတို့ ကြွရောက်တော်မူခဲ့ကြသည်။

အခမ်းအနားသို့ ဂေါပကအဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြားကာ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တကေလာသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်လှူဒါန်းကာ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ အလှည့်ကျ ပဋ္ဌာနဘာဏကသံဃာတော်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို စတင်ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ (၁၅၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရိသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)