ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ




ကျောက်ပန်းတောင်း မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို၊ ယမန်နေ့နံနက် (၉)နာရီက ဘူတာရပ်ကွက်ရှိ နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကြီးကြပ်သူဆရာတော်များနှင့် စာအောင်သံဃာများ၊ တက်ရောက်လာသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်ဖွင့်လှစ်ကြပြီး၊ မြန်မာမှုတေးဂီတအဖွဲ့က ထူးမခြားနားသီချင်းဖြင့် ပူဇော်သည်။ ဆက်လက်၍ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမနဓဇ(စိတ္တပါလဂူကျောင်းစာသင်တိုက်)ထံမှ၊ ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် စာအောင်သံဃာတော်များအတွက် အလှူတော်ငွေကျပ်သိန်း (၁၀၀) လှူဒါန်းသည့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်အား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတန်းပေးဝေကြကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်သည်။ ယင်းနောက် စာအောင်သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေပိုနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျောက်ပန်းတောင်းမြို့ စာဖြေဌာနမှ  ပထမကြီးတန်းအောင် အရှင်သူမြတ် (၂၃) ပါး၊ ပထမလတ်တန်းအောင် (၂၃) ပါး၊ ပထမငယ်တန်းအောင် (၅၁) ပါးနှင့် အခြေပြုမူလတန်းအောင် (၈၆) ပါး၊ စုစုပေါင်း (၁၈၃) ပါး အောင်မြင်တော်မူခဲ့ကြကြောင်း သိရပြီး၊ စာအောင်ဆုအပ်နှင်းပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဆရာတော်များ၊ စာအောင်သံဃာများ၊ သီလရှင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ အကျိုးတော်ဆောင်အဖွဲ့များ စုစုပေါင်း (၂၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)