ရွှေတောင် မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူး ပေါင်း၍ (မုဒိတာ)စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူး ပေါင်း၍ (မုဒိတာ)စာဖတ်ဝိုင်းကျင်းပ




ရွှေတောင်  မတ် ၁၈

          ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

   အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်- ရွှေတောင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသည့် စာပေချစ်သူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး  စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး    ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှ ဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းစာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။               

         ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်- ရွှေတောင်)က စာရေးဆရာဒေါက်တာခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း"စာအုပ်ပါ " မှားမှာကို မကြောက်ပါနဲ့" ခေါင်းစဉ်ပါ ‌‌ အမှားတွေဖြစ်မှာ ကြောက်လို့ မလုပ်ဘဲ မနေပါနဲ့၊ အမှားကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဝန်ခံပါ "  စသည့်နှစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့ပြီး နာယကဆရာကြီး ဦးအုန်းမောင်က "အဲ့ဒီ ကောင်‌ လေး မရှိတော့ဘူး" နှင့် "လူငယ်နှင့် အောင်မြင်ခြင်း " ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဆရာမကြီး ဒေါ်မြတ်နွယ် April Moon က "လူငယ်နှင့် မေတ္တာတရား " ဆောင်းပါး ခေါင်းစဉ်ပါ ဆင်ခြင်တုံတရားကို လက်ကိုင်ထားရမည်ဟုသည့် အကြောင်းအရာများ ကို အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)