မွေးရာပါအူကျွံရောဂါ (Gastroschisis)ဖြင့် ကလေးငယ်အား မုံရွာမြို့တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွေးရာပါအူကျွံရောဂါ (Gastroschisis)ဖြင့် ကလေးငယ်အား မုံရွာမြို့တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့



မုံရွာ၊ မတ်လ ၅

မွေးရာပါ အူကျွံရောဂါ (Gastroschisis) ပါလာပြီး အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည့် ကလေးငယ်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ ခုတင်(၂၀၀)တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။

လူနာကလေးငယ်အား ခွဲစိတ်မှုဆောင်ရွက်ရာတွင် လက်ထောက်ဆရာဝန်(ခွဲစိတ်) ဒေါက်တာရန်မျိုးအောင် ဦးဆောင်သော ခွဲစိတ်အဖွဲ့၊ အထူးကုဆရာဝန်ကြီး (မေ့ဆေး) ဒေါက်တာစောလင်းအောင်ထက်ဦးဆောင်သော မေ့ဆေးအဖွဲ့၊ ကလေးကုသဆောင်မှ အထူးကုဆရာဝန်(ကလေး)ဒေါက်တာသင်းသင်းခိုင်နှင့်လက်‌ထောက်ဆရာဝန် (ကလေး) ဒေါက်တာရန်အောင်ဖြိုးတို့ပါဝင်သော ကလေးကုသရေးအဖွဲ့တို့မှ ပူးပေါင်း၍ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ခွဲစိတ်ကုသကာ အသက်ကယ်ပေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်အား ခွဲစိတ်ပြီးသည်နှင့် မွေးကင်းစအထူးကြပ်မတ်ဆောင် (NICU)၌ အသက်ရှူစက်တပ်ဆင်ကာ ဖေဖော်ဝါရီလ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ အခြားလိုအပ်သော ကုသမှုများပေးခဲ့ပြီး အသက်ရှူနှုန်း ပုံမှန်ဖြစ်ပြီး သွေးတွင်းအောက်စီဂျင်ကောင်းမွန်လာချိန် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အသက်ရှုစက်ဖြင့် အောက်စီဂျင်ပေးခြင်းအား ရပ်နားနိုင်ခဲ့သည်။ ထို့နောက် နှာခေါင်းမှတစ်ဆင့် Nasal prone ဖြင့် ပြောင်းလဲခဲ့ပြီး သွေးတွင်းအောက်စီဂျင် အခြေအနေအား စောင့်ကြည့်ရာ ကောင်းမွန်လာသဖြင့် ဖေဖော်ဝါရီ (၁၇)ရက်တွင် အောက်စီဂျင်ပေးခြင်းကို ရပ်နားနိုင်ခဲ့သည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှု‌များကြောင့် ယခုအခါ ကလေးငယ်မှာ အသက်အန္တရာယ်မှ လွတ်ကင်းပြီး စိတ်ချရသော အခြေအနေကို ရောက်ရှိနေပြီဖြစ်ကာ မတ်လ(၃)ရက်နေ့မှစတင်ပြီး မိခင်နို့ကိုကလေးကိုယ်တိုင်သောက်စို့နိုင်ပြီး ကျန်းမာလျက်ရှိကြောင်း သိရသည်။ 


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)