ဂွမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12)စာမေးပွဲ ပဥ္စမ နေ့၌ ကျောင်းသား ကျောင်းသူများ ရူပဗေဒနှင့်သမိုင်း ဘာသာရပ်ကို အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12)စာမေးပွဲ ပဥ္စမ နေ့၌ ကျောင်းသား ကျောင်းသူများ ရူပဗေဒနှင့်သမိုင်း ဘာသာရပ်ကို အေးချမ်းစွာဖြေဆို



ဂွ မတ် ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲပဥ္စမ နေ့၌  ကျောင်းသား ကျောင်းသူများ ရူပဗေဒနှင့်သမိုင်း ဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြသည်။

ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာအလယ်တန်းကျောင်း(မြို့သစ်) ၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ကျိန္တလီ)၌   ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ ရူပဗေဒဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ  ကျောင်းသား/ ကျောင်းသူ (၂၅၆)ဦးနှင့်ပျက်ကွက် ကျောင်းသား/ ကျောင်းသူ (၂)ဦးရှိပြီး၊ သမိုင်းဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ  ကျောင်းသား/ ကျောင်းသူ (၁၀၆)ဦးနှင့်ပျက်ကွက် ကျောင်းသား/ ကျောင်းသူ (၆)ဦးရှိပြီး၊ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များကကြီးကြပ်၍  စာစစ်ဌာနအသီးသီး၌လည်းစာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စည်းလုံးညီညွတ်စွာ စောင့်ရှောက်ပေးလျက်ရှိပြီး ကျောင်း သားကျောင်းသူများ အေးချမ်း စွာဖြေဆိုနိုင်လျက် ရှိကြောင်း သိရသည်။ 

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)