နေပြည်တော်၊ မတ် ၃၁
မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် NLD ပါတီဦးဆောင်သူများသည် NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ဖြေကြားချက်အရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ခုနှစ်၊ မတ်လ(၂၆)ရက်နေ့အထိ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၇၈၂၆ဦး သေဆုံးခဲ့ရသည်။
အမေရိကန်အစိုးရ၏ လက်ကိုင်တုတ် မီဒီယာ၊ မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေသည့် VOA သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ဖြေကြားထားရာတွင် "အမေရိကန်အနေနဲ့ ဒီမိုကရေစီဟု အကြောင်းပြသော်လည်း ၎င်းထောက်ပံ့ပေးမည့် အဖွဲ့များဖြစ်သော NUG, PDF တို့၏ လုပ်ရပ်များသည် ဒီမိုကရေစီအရေးလား၊ အကြမ်းဖက်လုပ်ရပ်ဖြင့် အာဏာပြန်လည်ရရှိရေးလား ဆိုသည်ကို ပြန်လည်စိစစ်သုံးသပ်ရန် လိုပါတယ်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၄ခုနှစ်၊ မတ်လ(၂၆)ရက်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ပျံလွန် ၈၁ပါး၊ သီလရှင် ၂ပါး ရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ သေဆုံး ၅၇၉၁ဦး၊ နိုင်ငံဝန်ထမ်း သေဆုံး ၁၉၅၂ဦး စုစုပေါင်း သေဆုံး ၇၈၂၆ဦး ရှိခဲ့ပါတယ်။" ဟု ပြန်လည်ဖြေကြားထားသည်။
NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် ဖျက်ဆီးမှုကြောင့် ဆက်သွယ်ရေး/ လျှပ်စစ်တာဝါတိုင် ၅၆၃ခု၊ ကျန်းမာရေးအဆောက်အဦ ၅၅လုံး၊ ဘာသာရေးအဆောက်အဦ ၇၇လုံး၊ လမ်းတံတား/တိုးဂိတ် အဆောက်အဦ ၁၅၁၈ခု၊ စာသင်ကျောင်း/ ပညာရေးအဆောက်အဦ ၆၇၇လုံး၊ လူနေအဆောက်အဦ ၁၀၆၉လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၇၅၇လုံး၊ စက်ရုံ/အလုပ်ရုံ ၉၉လုံး၊ အခြားအဆောက်အဦ ၄၈၃လုံး၊ စုစုပေါင်း ၇၂၉၈လုံး ရှိခဲ့ကြောင်း ဖြေကြားထားသည်။
အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA တွင် ဖော်ပြထားသည့် Burma Act အရ အမေရိကန်ဒေါ်လာ ၁၂၁သန်းကို မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ပံ့ပေးရန်ဆိုသော အကြောင်းပြချက်ဖြင့် အမေရိကန်သမ္မတက လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် NUG, PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
#News
No comments:
Post a Comment