ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ပုဂ္ဂိုလ်များ အချင်းများလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ပုဂ္ဂိုလ်များ အချင်းများလျက်ရှိ




ရန်ကုန်၊ မတ် ၂၇

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ပုဂ္ဂိုလ်များ အချင်းများလျက်ရှိပြီး ၂၅-၃-၂၀၂၄ ရက်စွဲဖြင့် ကွန်ရက်များနှင့် ရဟန်းပုဂ္ဂိုလ်များအပေါ် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်တိုက်ခိုက်နေသော ဆရာတော် ဦးဣဿရိယ(မင်းသုည)မှ ဖြေရှင်းဆောင်ရွက်ပေးရန် အသိပေး အကြောင်းကြားခြင်း ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေးသံဃကွန်ရက် နှင့် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် -

မိမိတို့၏ ကွန်ရက်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သော ဦးဣဿရိယ (မင်းသုည) က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့က မီဒီယာများမှတဆင့် ထုတ်လွှင့်ခဲ့သည့် “ဓမ္မဖြင့် မှားယွင်းသော အတွေးအခေါ်များကို တော်လှန်ခြင်း”ဆိုသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် မိမိတို့ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကောဝိဒ(ရွှေအုန်းပင်) အား စွပ်စွဲပြောဆိုခဲ့ခြင်း ၊ ၂၀၂၄ မတ်လ ၂၂ နှင့် ၂၃ ရက် နေ့များ၌ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်မံ၍ ဦးကောဝိဒနှင့် ဦးဓမ္မမေတ္တာတို့အား ပထမပါရာဇိကဖြစ်သော အန္တိမဝတ္ထုဖြင့် စွပ်စွဲပြစ်တင်ရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဦးဣဿရိယ (မင်းသုည) ရေးသားပြောဆိုနေသည့် အချက်အလက်များသည် အကယ်၍ ဒိဌ- မျက်မြင်အားဖြင့်ဖြစ်စေ၊ သုတ- အကြားအားဖြင့်ဖြစ်စေ သက်သေပြစရာနှင့်တကွ အမှန်ဖြစ်ခဲ့ပါက ဦးရာဇိန္ဒ (ဓမ္မမေတ္တာ) နှင့် အရှင်ကောဝိဒ(ရွှေအုန်းပင်)တို့အား မိမိတို့သည် ဓမ္မဝိနယလမ်းစဉ်အတိုင်း ရဟန်းသိက္ခာကို ဖယ်ရှား၍ လူဝတ်လဲစေမည်ဖြစ်ကြောင်း၊ ဆရာတော် ဦးဣဿရိယ(မင်းသုည)အနေဖြင့် ရေးသားစွပ်စွဲထားသည့် ကိစ္စများအား သက်သေအထောက်အထား ခိုင်လုံစွာဖြင့် မိမိတို့ကွန်ရက်(၂)ခု ကိုယ်စားလှယ်များနှင့် ဦးဣဿရိယ(မင်းသုည)ကိုယ်တိုင်  မိမိတို့အချင်းချင်းကြားဖြစ်စေ၊ မီဒီယာများရှေ့မှောက်တွင်ဖြစ်စေ (၁၅)ရက်အတွင်း ဓမ္မဝိနယလမ်းစဉ်အတိုင်း တွေ့ဆုံဆွေးနွေးဖြေရှင်းစေလိုကြောင်း ဖော်ပြထားသည်။

အကယ်၍ ဦးဣဿရိယ(မင်းသုည)၏ စွပ်စွဲချက်များကို (၁၅) ရက်အတွင်း ခိုင်လုံတိကျသော သက်သေအထောက်အထားများဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက မိမိတို့ကွန်ရက်များ၏ နိုင်ငံရေးဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ကာယကံရှင်ရဟန်းနှစ်ပါး၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း ဦးဣဿရိယ(မင်းသုည)ဘက်မှ ထိုကဲ့သို့ ရေးသားပြောဆိုခဲ့မှုများအပေါ် မှားယွင်းကြောင်း ဝန်ခံ၍ လူသိရှင်ကြား အတိအလင်း တောင်းပန်ရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုသို့ ဘာသာရေးခုတုံးလုပ် အကြမ်းဖက်လှုံ့ဆော်မှုများ လုပ်ဆောင်နေသော ကွန်ရက်များ၏ ထုတ်ပြန်ချက်အပေါ် မင်းသုည ဗုဒ္ဓတက္ကသိုလ် အမည်ခံ ပုဂ္ဂိုလ်က "နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ယက် ထွန်းကြည် အပါအဝင် အဖွဲ့ဝင်တွေ ခုစကားကို တာဝန်ယူပေးရမယ်။ နိင်ငံရေး အစဉ်လာကြီးမားတဲ့ဆရာတော် မင်းသုည ကို နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ယက်က ခုလိုစတိက်မင့်ထုတ်ထာဟာ ဘာသာပေါင်းစုံကွန်ယက်ရဲ့ တမင်ယုတ်မာတာပဲ။ ရွှေအုန်ပင်ကောဝိဒ မိန်မရှုပ်တဲ့ကိစ္စသိချင်ရင် ဘာသာပေါင်းစုံကွန်ယက်အဖွဲ့ဝင် ဦးဝါယမကိုမေး သူပြောလို့ သံဃကွန်ယက်တဖွဲ့လုံးသိပြီး ရွှေအုန်ပင်ကို ဝိုင်းဆုံးမကြတာ သူလက်မခံပဲ သူဘာသာသူ နွေဦးတော်လှန်ရေးသံဃကွန်ယက်ကကော ဘာသာပေါင်းစုံကွန်ယက်ကကော ထွက်သွားတာ ဒါကို မင်းသုည က ဘာကိစ္စနဲ့ရှင်းရမှာလဲ။ အဓိကရှင်းရမှာက ဦးဝါယမ ဓမ္မမေတ္တာမိန်မရှုပ်တဲ့ကိစ္စ ဖာခေါ်ချတဲ့ ကိစ္စသိချင်ရင် ဦးဝါယမမွေးစားသား

ဝေယံဘုန်းနိုင် လက်ရှိ သူကျောင်းသားနှင့် နွေဦးသု အကောင့်ပိုင်ရှင် ဦးသုမနကို မေးကြည့် နွေဦးသု တင်ထားတာ လိုင်းပေါ်မှာပလူပျံနေတဲ့ကိစ္စ၊ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံးက မဟုတ်တာလုပ်တဲ့သူတွေကို ဝိုင်းဖုံးဖိကာပေးနေကြတာဟာ စစ်အာဏာရှင်အဖွဲ့တွေထက် ပိုယုတ်မာတဲ့အဖွဲ့ပဲ။ မအလစစ်အာဏာရှင်အဖွဲ့က ဗြောင်ပြောပြီးယုတ်မာတာ၊ လက်ရှိနွေဦးတော်လှန်ရေးသံဃကွန်ယက်နှင့် ဘာသာပေါင်းစုံ ကွန်ယက်အဖွဲ့ နှစ်ဖွဲ့က သူတော်ကောင်းယောင်ဆောင်ပြီးယုတ်မာတာ။" ဟု တုန့်ပြန်ထားသည်။

မွတ်စလင်ကုလား ထွန်းကြည် ဆိုသူသည် သံဃာတော်များကို အသုံးချကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများကို အစဉ်သဖြင့် ဖန်တီးနေသူဖြစ်ပြီး သံဃာတော်အမည်ခံ ပုဂ္ဂိုလ်များကလည်း ကုလားထွန်းကြည်၊ ခရစ်ယာန်အမျိုးသမီးများနှင့် ပူးပေါင်းကာ အကြမ်းဖက်လှုံ့ဆော်မှုများကို ပြည်ဖျက်မီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)