ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ပထမနေ့သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ပထမနေ့သို့ တက်ရောက်



နေပြည်တော်၊ မတ် ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တာဝန်ရှိသူများနှင့်အတူ မတ် ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ် (၂၀၂၄) တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာမှ နျူကလီးယားနှင့် ပတ်သက်ဆက်စပ်သောပြခန်းများကို လိုက်လံကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖိုရမ်၏ အဓိက မျက်နှာစုံညီအစည်းအဝေး (Plenary Session) တွင် “သန့်ရှင်းသောစွမ်းအင်  -  အနာဂတ်ကို အတူတကွဖန်တီးခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း အစီအစဉ်သို့လည်းကောင်း တက်ရောက်ကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် NovaWind JSC ကုမ္ပဏီမှ Director General - Grigory Na-zarov နှင့် မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံဆောင်ရွက်မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော လေအားနှင့် အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့်ပတ်သက်၍လည်းကောင်း၊ JSC Rusatom Energy Projects ကုမ္ပဏီမှ Director General- Andrey Rozhdestvin နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးကြသည်။


(၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) သည် ခေတ်မီနျူကလီးယား စွမ်းအင်လုပ်ငန်း၏ ကဏ္ဍပေါင်းစုံနှင့် ၎င်း၏နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများကို ဆွေးနွေးရန်ဖြစ်ပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းမှ ခေါင်းဆောင်များ၊ နိုင်ငံတကာကိုယ်စားလှယ်များ၊ ရုရှားနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နျူကလီး ယားနယ်ပယ်မှ အဓိကကျွမ်းကျင်သူများ ပါဝင်ကြသည်။ အစဉ်အလာအားဖြင့် ဖိုရမ်အစီအစဉ်သည် နိုင်ငံတကာကွန်ဂရက်တစ်ခုနှင့် နျူကလီးယားနှင့် ဆက်စပ်စက်မှု လုပ်ငန်းများအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချသူများမှ ခင်းကျင်းပါဝင်ပြသကြကြောင်းနှင့် ကမ္ဘာ့နျူကလီးယားလုပ်ငန်း၏ ဆိုင်းငံ့ထားသော ပြဿနာများကို ဆွေးနွေးရန်ရည်ရွယ်သည့် နိုင်ငံတကာ ညီလာခံတစ်ခုဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)